Photoshop ဖြင့် Portrait Effects ထည့်ခြင်း

Tuesday, 13 March 2012
 

သူငယ်ချင်းအားလုံး မင်္ဂလာပါ ... မနေ့က ကြည်ဖြူ မောင်လေး တစ်ယောက်က လာမေးတယ် ... သူ့ Camera မှာ Portrait Effects မပါလို့ Photoshop နဲ့ ပြန်ပြင်လို့ရမလားတဲ့ ...
ဒါနဲ့ မောင်လေးကို ရှင်းပြဖို့ Video Capture File တစ်ခု နဲ့ ရှင်းပြပေးလိုက်တယ် ... အခု ဒီ Video File လေးကတော့ Camera ဖြင့် ဓာတ်ပုံများကို ရိုက်ခဲ့စဉ်က Portrait Effects မထည့်မိလိုက်တာပဲဖြစ်ဖြစ်၊ Camera တွင် ထို Effect မပါခဲ့တာပဲ ဖြစ်ဖြစ် ၀ါးစေချင်တဲ့ နေရာလေးကို စိတ်ကြိုက်ရွေးချယ်ပြီး ပြုပြင်တာကို ရှင်းပြထားတာ ဖြစ်ပါတယ်ရှင် ... Video File နဲ့ ရှင်းပြထားတာကို ကြည့်လို့ မရတဲ့သူများ အတွက် ပြုပြင်ရမည့် အဆင့်များကို ပုံနှင့် တကွ အောက်တွင် ဖော်ပြပေးထားပါသည်။ 

သူငယ်ချင်းတို့ ပြုပြင်လို့ မရတာရှိခဲ့ရင် Comment Box မှာ စာချန်ထားခဲ့နိုင်ပါတယ် ...

ကြည်ဖြူ

၁။ ပြုပြင်ပြောင်းလဲလိုသော File ကို ဖွင့်ထားပါ။
၂။ Brush Tool ရွေးပါ။


၃။ Brush Tool Size ကို အကြီးအသေး ရွေးပါ။


၎။ Edit In Quick Mask Mode ကို ရွေးပါ။

၅။ ပြောင်းလဲလိုသော နေရာများကို Brush Tool ဖြင့် ရွေးချယ်ပေးပါ။


၆။ Edit in Standard Mode ကို ရွေးပါ။


၇။ Selection ကို ပြောင်းပြန်ရွေးချယ်ရန်အတွက် Select > Invert ကို နှိပ်ပါ။


၈။ ရွေးချယ်ထားမှုကို ၀ါးစေရန်အတွက် Filter > Blur > Gaussian Blur ကို နှိပ်ပါ။


၉။ ထို Gaussian Blur Dialog တွင် Radius Pixel ကို စိတ်ကြိုက် အတိုးအလျော့ ပြောင်းလဲကြည့်ပါ။


၁၀။ ထိုနောက်တွင် ကင်မရာဖြင့် ဓာတ်ပုံရိုက်စဉ်က Portrait Effects မထည့်မိသော ဓာတ်ပုံများကို Photoshop ဖြင့် ပြုပြင်ပြီးသော ပုံကို ရရှိပါလိမ့်မယ်။

0 comments:

Post a Comment