အသွင်မတူတဲ့ ရင်ခုန်သံကို
ညှိဖို့ဆိုတာ မလွယ်ပါဘူးကွာ ...
မဖြစ်နိုင်တော့ဘူးလို့ အခါခါ ငြင်းပေမဲ့
မကျက်နိုင်တော့တဲ့
ဒဏ်ရာဟောင်းကြီးလိုပဲ
အနာပြန်ရင်းအောင် ဆွခံနေရတော့
ပျောက်ဖို့ ဝေးနေတယ် ...
ဦးနှောက်နဲ့ မဆုံးဖြတ်ဘဲ
နှလုံးသားနဲ့ ရင်းမိတဲ့ ငါ့အတွက်
အဖြေက Minus ပေါ့ ...
နင်ပျော်ဖို့ဆို
စေလိုရာစေ၊ သွားလိုရာသွား
နေလိုရာနေလို့ ငါက
နင့် စိတ်ကြိုက် နင့်သဘောပါ ...
အရာအားလုံးကို ဆုံးရှုံးခဲ့ရင်တောင်
သတိရခြင်းကို ပိုင်ဆိုင်ခွင့်ရှိသေးတာပဲ
ငါ ကျေနပ်ပါတယ် ...
ကြည်ဖြူ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment