အမှန်တော့ ငါ
အိပ်မက် မမက်တတ်ဘဲနဲ့
အိပ်မက် မက်ချင်ယောင်ဆောင်ခဲ့သူပါ
နင်က ပုံပြင်ပြောကောင်းခဲ့သလို
ငါက အဲပုံပြင်ထဲမှာပဲ အိပ်မက် မက်ခဲ့သူပါ
ကဲ အခုတော့ ပုံပြောကောင်းတဲ့
နင်လည်း ငါ့အနားမှာ မရှိတော့ဘူး
ငါလည်း အိပ်မက် မက်ချင်ယောင်
မဆောင်တတ်တော့ဘူး ...
တစ်ခုတော့ ပြောလိုက်မယ်
နင့်ကို ငါ ကျေးဇူးတင်ပါတယ်
အခုတော့ ငါ နင့်ကြောင့်
အယောင်ဆောင်မှုကို အချိန်မှီ
ငါ့ဘ၀ကနေ အပြီးတိုင် ဖယ်ခွာလိုက်နိုင်လို့ ...
ကြည်ဖြူ
0 comments:
Post a Comment