Reflection Image & Element With CSS3

Monday 16 July 2012 0 comments
Reflection Image & Element With CSS3 In FireFox

<!DOCTYPE html>

<html>
<style>
.reflect {
position: relative;
}

စာကြောင်းလေး ၁၀ကြောင်း

Wednesday 28 March 2012 0 comments
The most selfish one-letter world is' I' . Avoid it.


အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်းအဆန်ဆုံးစကားလုံးကေ တာ့ `ငါ´ ပါ။
အဲဒါကို ရှောင်ကျဉ်ပါ ... တဲ့။


ဒီစာကြောင်းလေးကို ဖတ်လိုက်ရတော့ လူလောက ထဲက နေရာတကာမှာ ငါတကောကောနေကြတဲ့
လူတစ်ချို့ရဲ့မြင်ကွင်းတွေ ဟာ ကျွန်တော့်ရဲ့ အတွေးတွေထဲမှာ
ဝိုးတ၀ါးပေါ်လာပါတယ်။ အဲဒါငါလုပ်လိုက် တာလေ။ ငါမရှိရင်တော့ မင်းတို့တွေအားလုံးဒုက္ခရောက်ကုန်ကြတော့မှာပဲ။ ငါပါလို့ပေါ့ကွာ ငါသာမပါရင် မင်းတို့အသင်းရှုံးပြီ။ ငါသာမကူညီရင်တော့ မင်းမလွယ်ဘူးနော် ... စတဲ့ ... စတဲ့ တစ်ငါတည်း ငါနေကြ တဲ့ စကားလုံးတွေဟာ လောကကြီးထဲမှာ မကြားချင်လည်းကြားနေကြရမယ့်စကား လုံးတွေပါ။ ဒီလိုစကားမျိုး တွေကိုပြောနိုင်ကြတဲ့သူတွေ ဟာ အတိုင်းအတာတစ်ခုအထိ တော်ကြတဲ့သူတွေများပါတယ်။

Animation Part 3 ( FootBall )

Saturday 24 March 2012 0 comments
 

ဘောလုံးချစ်တဲ့ သူငယ်ချင်းတို့ရေ အပြင်ကွင်းထဲမှာမဟုတ်ဘဲ Photoshop နဲ့ ဘောလုံးလေးကို စိတ်ကြိုက် လိမ့်ကြည့်ကြရအောင်နော် ... အောက်မှာ ဘောလုံးပုံအတွက် png image ကိုလည်း တင်ပေးထားပါတယ် ... 
 

အိမ်မက်အပေါက်နဲ့ ကြယ်ကြွေကောက်သူ

Thursday 22 March 2012 0 comments
ဒီကဗျာလေးက ကဗျာဆရာမ Seven ရဲ့ ကဗျာလေးပါ ... 

ကြည်ဖြူ သိပ်ချစ်ရတဲ့ မမရဲ့ ကဗျာလေးပေါ့ ... 

ခံစားကြည့်ကြအောင်နော် ....


ဘ၀ကခါးတော့
ငါ့ကိုယ်ငါ သံပတ်ပေးရင်း
စိတ်ကူးတွေ အံချော်ခဲ့ရ…


Animation Part 2 ( HeartBeat )

Wednesday 21 March 2012 0 comments
 

 ဒီတခါ Photoshop နဲ့ Heart Beat ပုံစံလေး ကို Animation သုံးပြီး ဖန်တီးကြည့်ကြစို့နော် ...

Animation Part 1

Tuesday 20 March 2012 0 comments


တနေ့က Photoshop နဲ့ Animation ပြုလုပ်ချင်တယ်လို့ မေးလာတယ် ... Photoshop Animation အကြောင်းကို ရှင်းပြရမယ်ဆိုရင် File တစ်ခုထဲနဲ့ လုံလောက်မှာ မဟုတ်ပါဘူး ... သူရဲ့ Function တွေက နည်းနည်းများတယ် ဆိုရမယ် ... ဒါကြောင့် အပိုင်းလေးတွေနဲ့ ရှင်းပြဖို့ စိတ်ကူးမိတယ် ...

ကြည်ဖြူ အစ်ကိုရဲ့ အတ္တ ဒဿန

Monday 19 March 2012 0 comments
        ကြည်ဖြူ မှာ အစ်ကိုတွေ အများကြီး ရှိတယ်လေ ... ကြွားတာ ... ဆိုးလို့ ရမယ့် အစ်မတွေများ ထပ်ရလေမလားလို့ ... ကြည်ဖြူ အိမ်နဲ့ဝေးနေတဲ့ အချိန်မှာ အစ်ကိုက စာရေးပို့ဖူးတယ် ... အဲအစ်ကို ပို့ဖူးတဲ့ စာတွေထဲက ကြည်ဖြူ အရမ်း သဘောကျတာလေး ရှိတယ် ... ဒဿန နည်းနည်းဆန်တယ် ပြောရမယ် တူပါရဲ့ ... အစ်ကိုရေးပေးထားတာလေးကို ဖတ်ကြည့်ပေးပါဦးနော် ...

        အချစ်ကို ရှာဖွေရာမှာ အတ္တနည်းနိုင်သမျှ နည်းအောင် ကြိုးစားပါ။ အတ္တကို ရင်းနှီး မြုပ်နှံမှု့ပြုပြီး ဘဝမှာ အချစ်ကိုပျိုးပင်စိုက်ခဲ့ရင် ကိုယ့်ရဲ့ဘဝမှာ အချစ်အသီးအပွင့်တွေဟာ အေးမြမှု့၊ လန်းဆန်း မွှေးကြိုင်မှု့တွေကို စွမ်းဆောင်ပေးနိုင်မှာ မဟုတ်ဘူး။

Bursh Tool သုံးပြီး အရောင်လေးတွေ ပြောင်းကြည့်ရအောင်

0 comments
 

ဒီတခါ Selection Tool ကို မသုံးပဲ လျင်မြန်စွာနဲ့ သပ်ရပ်စွာ ရွေးချယ်နိုင်ဖို့ Brush Tool ကို အသုံးပြုပြီး အရောင်လေးတွေ ပြောင်းကြည့်ကြရအောင်နော် ...

ဓာတ်ပုံကို ခဲပန်းချီအသွင် ပြောင်းလဲခြင်း

Sunday 18 March 2012 0 comments

ဓာတ်ပုံလေးတွေကို ခဲပန်းချီအဖြစ် ပြောင်းလဲကြည့်ရအောင်နော် ... Photoshop နဲ့ ပြင် နောက် Print ထုတ်ပြီး ခဲတံလေးနဲ့ ပါးပါးလေးပြန်ချယ် မသိရင် တစ်စုံတစ်ယောက်ကပဲ ကိုယ့်ကို ဆွဲပေးထားသလို ဘာသလိုနဲ့ ပုံဖမ်းရတာပေါ့ ... စတာပါ ... Photoshop ကို မသုံးဘဲ ready made pencil artist software တွေလည်း အများကြီး ရှိပါတယ် ... အခုတော့ Photoshop နဲ့ပဲ ကိုယ်တိုင် Hand Made ပြင်ကြည့်ကြစို့နော် ...

သင်္ကြန် ဆုတောင်းလေး

Friday 16 March 2012 0 comments










သင်္ကြန်နားနီးပြီဆိုတော့ သင်္ကြန်အကြို ဆုတောင်းလေးအတွက် Play ကို နှိပ်ပေးပါနော် ... 
 
 



သူငယ်ချင်းတို့ရေ .....

သူငယ်ချင်းတို့ သိတဲ့အတိုင်းပဲ သင်္ကြန်နားနီးပြီဆိုရင်ပဲ ထီဆိုင်တွေက သင်္ကြန်သီချင်းတွေဖွင့်၊  ဟိုလ္ဘက်ရည်ဆိုင်က သင်္ကြန်သီချင်းဖွင့်လိုက်နဲ့ လမ်းလျှောက်ရင်းပဲ ထကရတော့မလိုလို  အဖြစ်မျိုးတွေ ဖြစ်ဖူးကြမှာပါ ...

ကြည်ဖြူ ချစ်တဲ့ စံပယ်

Thursday 15 March 2012 0 comments












ဒီနေ့ ကြည်ဖြူ Googling လုပ်သမျှ စံပယ်ပန်းလေးတွေ




ဒီနေ့ပေါ့ ...
ကြည်ဖြူကို သူငယ်ချင်းတစ်ယောက်က လာမေးတယ် ...

ကြည်ဖြူ ကြိုက်တဲ့ ထူးအိမ်သင်ရဲ့ အချစ်ဆိုသည်မှာ

Wednesday 14 March 2012 0 comments


(♫ ♪ ♫ ♪… အချစ်ဆိုသည်မှာ အံ့သြမှုများနဲ့ဆန်းကြယ်သော အရာ ♫ ♪

♫ ♪… အချစ်ဆိုသည်မှာ လူသားတိုင်းရဲ့ နှလုံးသားအထက် အရှင်သခင် ♫

Photoshop ဖြင့် Portrait Effects ထည့်ခြင်း

Tuesday 13 March 2012 0 comments
 

သူငယ်ချင်းအားလုံး မင်္ဂလာပါ ... မနေ့က ကြည်ဖြူ မောင်လေး တစ်ယောက်က လာမေးတယ် ... သူ့ Camera မှာ Portrait Effects မပါလို့ Photoshop နဲ့ ပြန်ပြင်လို့ရမလားတဲ့ ...

မုန်းမိသူ

0 comments
တကယ်ဆိုရင်
ငါဟာ မင်းအတွက်
ဘာဆို ဘာမှ မဟုတ်ခဲ့ဘူးလား ...
ငါအတွက်တော့ မင်းဟာ
အရာအားလုံးပါပဲလေ ...
ရင်မခုန်ခဲ့တာပဲလား ...
မသိချင်ယောင် ဆောင်ခဲ့တာလား ...
တကယ်မသိတာလား ...

လွတ်လပ်ခွင့်

0 comments
အသွင်မတူတဲ့ ရင်ခုန်သံကို
ညှိဖို့ဆိုတာ မလွယ်ပါဘူးကွာ ...
မဖြစ်နိုင်တော့ဘူးလို့ အခါခါ ငြင်းပေမဲ့
မကျက်နိုင်တော့တဲ့
ဒဏ်ရာဟောင်းကြီးလိုပဲ
အနာပြန်ရင်းအောင် ဆွခံနေရတော့
ပျောက်ဖို့ ဝေးနေတယ် ...
ဦးနှောက်နဲ့ မဆုံးဖြတ်ဘဲ

အယောင်ဆောင်မိသူ

Sunday 11 March 2012 0 comments
အမှန်တော့ ငါ
အိပ်မက် မမက်တတ်ဘဲနဲ့
အိပ်မက် မက်ချင်ယောင်ဆောင်ခဲ့သူပါ
နင်က ပုံပြင်ပြောကောင်းခဲ့သလို
ငါက အဲပုံပြင်ထဲမှာပဲ အိပ်မက် မက်ခဲ့သူပါ
ကဲ အခုတော့ ပုံပြောကောင်းတဲ့
နင်လည်း ငါ့အနားမှာ မရှိတော့ဘူး

ဇာတ်သိမ်း

Saturday 10 March 2012 0 comments
♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥ ♥♥♥
ချစ်ဖူးလားလို့တော့ လာမမေးနဲ့
ငါ ချစ်ဖူးတယ် ...
မုန်းဖူးလားလို့ရော လာမမေးနဲ့
ငါ မုန်းဖူးတယ် ...
လက်တွေ့ကျတဲ့ အမှားတွေနဲ့ ဝေးနေတာ များနေပြီ ...

လွမ်းစရာ့ နွေပန်းချီကား

0 comments

 

ဘလော့ဂ်လေးကို အလည်လာကြတဲ့ သူငယ်ချင်းတို့ရေ ... အခုချိန် အမိမြေမှာ နွေသံကူးတဲ့ ဥသြငှက်တွေလည်း အညာနွေရဲ့ ပန်းချီကို ချယ်သနေကြပြီ ထင်ပါရဲ့ကွယ် ...

ရောဂါ

Friday 9 March 2012 2 comments
 ရှင်ကွဲ ကွဲခံပုံကတော့
သူလိုငါလိုပါပဲ...

ကြယ်တွေကလည်း တိတ်တိတ်လေးပဲ လင်းတယ်

သံယောဇဉ်ဆိုတာ သကြားလုံးတစ်မျိုးပဲ မဟုတ်လား
အချိုသိပ်ကြိုက်တဲ့သူဟာ
တစ်နေ့နေ့မှာ သွားပိုးစားခံရမှာ သေချာတယ်

စွန့်အချင်သူ

0 comments


အဝေးတစ်နေရာကနေ သူ ကျွန်တော့ကို လှမ်းခေါ်နေတယ်ကျွန်တော်မသွားပါဘူး ပေးစရာ သူ့အတွက် လက်ဆောင်တစ်ခုခု
ဒါမှမဟုတ် အချစ်တစ်ခုခု ပေါ့ ကျွန်တော့မှာ မရှိဘူးလေ
သူကို စကားလုံးတစ်ချို့ပြောမယ်
ပြီးရင် ငါ့ဟာအရူးတစ်ယောက်ပါလို့ လက်ခံနိုင်အောင်ပြောပြီး
အဝေးတစ်နေရာကိုပို့လိုက်မယ် ....
လိုချင်တဲ့အရာတွေ အနီးမှာရှိနေတာထက်

အညာသူလေး ကြည်ဖြူရဲ့ မိတ်ဆက်စာ

Thursday 8 March 2012 0 comments


ကြည်ဖြူ ရဲ့ ဘလော့ဂ်ကို လာရောက် အလည်ကြတဲ့ သူငယ်ချင်းတို့ရေ မင်္ဂလာပါနော် ... ကြည်ဖြူက အညာသူလေးလေ ... အညာသူလေး ကြည်ဖြူက အညာမြေမှာမွေး၊ အညာရေကို သောက်ပြီး ကြီးပြင်း လာခဲ့ရပေမယ့် အခုတော့ အညာမြေနဲ့ ဟိုးအဝေးမှာ ရောက်နေတယ်လေ ... အညာမြေကို လွမ်းတယ် ... အညာမြေရဲ့ ရနံ့တွေကို သတိရမိတယ် ... အခုဆိုရင် တဖြည်းဖြည်းနဲ့ မြန်မာ့နှစ်သစ်ကို ရောက်တော့မယ် ... မြန်မာနှစ်သစ်မှာ မြန်မာတွေရဲ့ ချစ်စရာ အမှတ်အသား တစ်ခု ဖြစ်တဲ့ သင်္ကြန်လည်း နီးသထက် နီးလာပြီလေ ... နေမြင့်လေ အရူးရင့်လေ ဆိုသလိုပဲ သင်္ကြန်အချိန်အခါ နီးလာတာနဲ့ အမျှ အညာမြေကို ပိုလွမ်းတဲ့စိတ်က တားမရ ဖြစ်နေမိတယ် ...အညာမြေ သင်္ကြန်မှာလေ မိုးရွာရွာ မရွာရွာ ပွင့်တဲ့ ပန်းရှိတယ် ... နှစ်တိုင်း သစ္စာမပျက် ပွင့်ပေးသူပေါ့ ... မြို့အ၀င်လမ်း တဖက်တချက်စီမှာ တန်းစီ ရှိနေတဲ့ တမာပင်တွေက အညာရဲ့ နွေသင်္ကြန်ကို ဖော်ပြနေသလိုပဲလေ ...