အဝေးတစ်နေရာကနေ သူ ကျွန်တော့ကို လှမ်းခေါ်နေတယ်ကျွန်တော်မသွားပါဘူး ပေးစရာ သူ့အတွက် လက်ဆောင်တစ်ခုခု
ဒါမှမဟုတ် အချစ်တစ်ခုခု ပေါ့ ကျွန်တော့မှာ မရှိဘူးလေ
သူကို စကားလုံးတစ်ချို့ပြောမယ်
ပြီးရင် ငါ့ဟာအရူးတစ်ယောက်ပါလို့ လက်ခံနိုင်အောင်ပြောပြီး
အဝေးတစ်နေရာကိုပို့လိုက်မယ် ....
လိုချင်တဲ့အရာတွေ အနီးမှာရှိနေတာထက်
နဂိုကတည်းက မရှိတာ ပိုကောင်းတယ်လေ
သူ့ကိုငါပေးလိုက်တယ် ...
စွဲလမ်းမှုတွေ
အချစ်တွေပေါ့
သူယူသွားတယ်
သူနဲ့ပါသွားတယ် .. လုံးဝ အနောက်ကိုပြန်မလှည့်ပဲထွက်ပြေးသွားတယ်
ဒါကို ပဲ ငါပျော်နေတယ် ... ကြည်နူးနေတယ် ...
အချစ်ဆိုတာ တစ်ဖက်ပိတ်ထားတဲ့ အစို့တစ်ခုလိုဖြစ်နေတာ
ငါဒီဘက်ကနေ ပိတ်ထားတယ်
ပိတ်လှောင်ထဲတဲ့ အချစ်တွေ ဘယ်ကိုမှ ပြေးမထွက်သွားဘူး ...ငါ့ကို မချစ်ပါနဲ့ .........
မချစ်ပါနဲ့ .......
မချစ်ပါနဲ့ .....
မချစ်ပါနဲ့ ...
ငါ့ရင်ဘက်က ခံစားချက်တွေက အပျော်အပျက်ဖြစ်လာတာ တစ်ခုမှမပါဘူး
လူတစ်ယောက် ငါ့ကို ပက်ပက်စက်စက် အသည်းခွဲတာ အတွေ့အကြုံရချင်တယ်
အစအဆုံး ငါရှုံးခဲ့တာလို့ အစောကြီးကတည်းက ၀န်ခံပြီးသားပဲ ...
သူပြောခဲ့တယ် "နင့်ကို..ငါ........ဘယ်သူနဲ့မှမတူအောင် သံယောဇဉ်တော့ရှိတယ်"
ဒါဘယ်တုန်းကလဲ ...
ဒီဇင်ဘာတုန်းကလား ?
မြူတွေမကျခင်နံနက်ခင်းတစ်ခုတုန်းကလား ?
ဒါမှမဟုတ် မိုးစက်တွေ မြေပြင်ကို အရှိန်ပြင်းပြင်းနဲ့ဝင်ဆောင့်တဲ့ ညနေခင်းတစ်ခုတုန်းကလား ?
နှစ်တစ်နှစ်ရဲ့ နောက်ပြန်ရစ်နေတဲ့ ရက်စွဲတွေ မရှိခင်တုန်းကလား ?
ပြက္ခဒိန်တစ်ခုရဲ့ လက်ကျန်နေ့စွဲ တစ်ခုမှာလား ?
မမှတ်မိတော့ မမှတ်မိတော့.. လုံးဝသတိမရတော့
ငါ့အခန်းထဲက မျှော်လင့်ချက်အဟောင်းတွေ ရှင်းထုတ်ပြီးကတည်းက
အားလုံးမီးရှို့လိုက်တယ်
မျက်ဝန်းတွေကိုမီးရှို့လိုက်တယ်
အထိအတွေကိုမီးရှို့လိုက်တယ်
သံသယတွေမီးရှို့တယ်
ရယ်သံတွေကို မီးရှို့တယ်
အိမ်မက်တွေ အတိတ်က ရှို့လို့ရတဲ့ အရာတော်တော်များများ လောင်ကျွမ်းကုန်တယ်
လူတစ်ယောက်ရဲ့ စာမျက်နှာတစ်ခုက အ၀ါရောင်သန်းသွားတယ်
ဧဒင်ဥယျာဉ်တစ်ခုလုံး ပြာတွေနဲ့ဖုံးလွှမ်းသွားတယ် ...
ဘုရားသခင်ရဲ့ နားမလည်နိုင်တဲ့ ဖန်တီးမှု တစ်ခု အဆုံးသတ်သွားတယ် ...
အနက်ရောင် ဥယျာဉ်တစ်ခု ငါ့ရှေ့ကိုရောက်လာတယ် ...
အနက်ရောင်ပန်းတွေ အနက်ရောင်လိပ်ပြာတွေ အနက်ရောင်အနံတွေ အနက်ရောင်မြေနီလမ်းတွေ အနက်ရောင်ချစ်သူ
အနက်ရောင်တွေ
အနက်ရောင်တွေ
အနက်ရောင်တွေ
တော်ပါပြီ
နောက်တစ်ခါ အချစ်ဆိုတာနဲ့တွေ့ရင် စွန့်အနားမကြား ဖြစ်နေတဲ့သူလိုပဲနေတော့မယ် ...
0 comments:
Post a Comment