Animation Part 1

Tuesday, 20 March 2012


တနေ့က Photoshop နဲ့ Animation ပြုလုပ်ချင်တယ်လို့ မေးလာတယ် ... Photoshop Animation အကြောင်းကို ရှင်းပြရမယ်ဆိုရင် File တစ်ခုထဲနဲ့ လုံလောက်မှာ မဟုတ်ပါဘူး ... သူရဲ့ Function တွေက နည်းနည်းများတယ် ဆိုရမယ် ... ဒါကြောင့် အပိုင်းလေးတွေနဲ့ ရှင်းပြဖို့ စိတ်ကူးမိတယ် ...
Korean ဇာတ်ကား အပိုင်းတွဲတွေလိုပေါ့ ... အခု ပထမဆုံး Animation Creation အနေနဲ့ ပန်းပွင့်ပုံလေးကို လည်နေတဲ့ လှုပ်ရှားမှုလေး ပြုလုပ်ကြည့်ကြစို့နော် ... အောက်မှာ  အဆင့်လေးတွေနဲ့ ရှင်းပြပေးထားတယ်နော် ...

၁။ File အသစ်တောင်းမည်။
    File > New


၂။ Layer အသစ် တစ်ခု တောင်းမယ်။ Layer ပေါ်ကို Double Click နှိပ်ပြီး Flower လို့ နာမည် ပေးခဲ့မယ်။


၃။ Brush Tool ကို ရွေးရန်။


၎။ Brush Tool အရွယ်အစားကို Brush Option Bar တွင် ပြောင်းလဲလို့ ရပါသည်။


၅။ Brush Tool ဖြင့် ပန်းပွင့်ပုံဆွဲမည်။


၆။ ထို Brush ဖြင့် ဆွဲထားသော Layer ကို copy ကူးမည်။
   Ctrl + J ( Or ) Flower Layer ကို Create New Layer ပေါ်သို့ Drag ဆွဲရန်။


၇။ ထို Copy ကူးထားသော Layer ရှိ ပန်းပွင့်ပုံကို စိတ်ကြိုက် Transfrom ပြောင်းမည်။
   Edit > Free Transform (or) Ctrl+T


၈။ အဆင့် ၆ နှင့် ၇ ကို ပန်းပွင့်ပုံ တစ်ပတ်လည်သွားသည့်အထိ အဆင့်အဆင့် ပြုလုပ်ရန်။


၉။ Animation စတင် ပြုလုပ်ရန်အတွက် window > Animations Box ကို ဖွင့်ရန်။



၁၀။ Layer တွင် Background Layer မှ လွဲရန် ကျန် Layer များ၏ Visibility ကို ဖျောက်ထားပါ။


၁၁။ Animatiion Option တွင် Make Frames From Layers ကို နှိပ်ပေးခြင်းဖြင့် Layer တစ်ခုခြင်းစီ အတွက် Frame တစ်ခုစီ ဖန်တီးပေးသွားမည်ဖြစ်သည်။ Animation ဆိုသည်မှာ Frame များဖြင့် အလုပ်လုပ်သွားခြင်းဖြစ်ပြီး ထို Frame များကို ကိုယ်နှစ်သက်သလို အချိန်များ သတ်မှတ်ထားခြင်း ဖြစ်ပါသည်။








၁၂။ ထိုအခါ Layer များ အားလုံးသည် Frame တွင် အသီးသီး နေရာယူသွားမည်ကို တွေ့ရမည်။ ရှေ့ဆုံးမှ မလိုအပ်သည့် Background Layer ပေါ်နေသော Frame ကို Delete Frame ပေါ် Drag ဆွဲပြီး ဖျက်မည်။


၁၃။ Frame များအားလုံးကို ရွေးချယ်မည်။ Frame Option မှာ Select All Frames ကို နှိပ်ရန်။


၁၄။ Frame တစ်ခုချင်းစီအတွက် ကြာမည် အချိန်ကို သတ်မှတ်မည်။


၁၅။ ထိုနောက် Background Layer ၏ Visibility ကို ပြန်ဖွင့်ပေးမည်။

၁၆။ Animation လေးကို Plays animation လေး ကို နှိပ်ကြည့်ရင်ဖြင့် လှုပ်ရှားမှုကိုကြည့်ရအောင်။


၁၇။ Animation လေးကို ဒီပုံစံလေးအတိုင်း တွေ့ရမှာပေါ့ ...


၁၈။ ကဲ အခု ရထားတဲ့ ပုံလေးကို သိမ်းထားရအောင် ... ဒီအခါ သိမ်းတဲ့ အခါ File Format က JPEG နဲ့ သိမ်းလို့ မရတော့ပါဘူး ... လှုပ်ရှားမှု့ကို သိမ်းချင်တာ ဖြစ်တဲ့အတွက် Animation Format ဖြစ်တဲ့ GIF (Graphic Interchange Format ) နဲ့ သိမ်းပေးရပါ့မယ် ...  File လေး သိမ်းမယ် ....

File > Save For Web & Devices ....


၁၉။ File Format တွင် GIF ကို ရွေးမယ် ... Save နှိပ်မယ် ....


၂၀။ File လေးကို စိတ်ကြိုက်နာမည်ပေးပြီး သိမ်းလိုက်မယ်နော် ...


Flower File လေးကို သိမ်းထားသည့် နေရာတွင် ပြန်ဖွင့်ကြည့်မယ်။ ဒီ File လေးကတော့ Animation 1 လို့ပဲ နာမည်ပေးထားတယ်နော် ... နောက်နေ့တွေက Animation အကြောင်း ဆက်ပြောရအောင် ... တကယ်လို့ စမ်းလို့ မရခဲ့ရင် Comment ပေးခဲ့ပေးလို့ ရပါတယ် ... သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ပါစေ ...

0 comments:

Post a Comment