ကြည်ဖြူ အစ်ကိုရဲ့ အတ္တ ဒဿန

Monday 19 March 2012
        ကြည်ဖြူ မှာ အစ်ကိုတွေ အများကြီး ရှိတယ်လေ ... ကြွားတာ ... ဆိုးလို့ ရမယ့် အစ်မတွေများ ထပ်ရလေမလားလို့ ... ကြည်ဖြူ အိမ်နဲ့ဝေးနေတဲ့ အချိန်မှာ အစ်ကိုက စာရေးပို့ဖူးတယ် ... အဲအစ်ကို ပို့ဖူးတဲ့ စာတွေထဲက ကြည်ဖြူ အရမ်း သဘောကျတာလေး ရှိတယ် ... ဒဿန နည်းနည်းဆန်တယ် ပြောရမယ် တူပါရဲ့ ... အစ်ကိုရေးပေးထားတာလေးကို ဖတ်ကြည့်ပေးပါဦးနော် ...

        အချစ်ကို ရှာဖွေရာမှာ အတ္တနည်းနိုင်သမျှ နည်းအောင် ကြိုးစားပါ။ အတ္တကို ရင်းနှီး မြုပ်နှံမှု့ပြုပြီး ဘဝမှာ အချစ်ကိုပျိုးပင်စိုက်ခဲ့ရင် ကိုယ့်ရဲ့ဘဝမှာ အချစ်အသီးအပွင့်တွေဟာ အေးမြမှု့၊ လန်းဆန်း မွှေးကြိုင်မှု့တွေကို စွမ်းဆောင်ပေးနိုင်မှာ မဟုတ်ဘူး။
ပူလောင်မှု့တွေနဲ့ သောက ရောက်နေရတဲ့ဘဝ၊ ပန်းပွင့်လေးများ မဖူးပွင့်ဘဲ ဆူးငြောင့်တွေသာ မွေးဖွားပေးမဲ့ အချစ်ပင်သာဖြစ်မှာပါ။

           အတ္တစိတ်က မိမိကို ပူလောင်စေတယ်၊ အတ္တစိတ်က လူတစ်ယောက်ကို ဝါးမြိုပစ်နိုင်သလို၊ ထိုသူနဲ့ ပက်သက်ပြီး ခင်မင်မှု့၊ လူမှု့ရေး၊ စီးပွားရေး အကုန်လုံးကို ထိခိုက်ပျက်စီးနိုင်တယ်။ မိမိရဲ့ အတ္တကို ရှေ့တန်းတင်ပြီး လူနေမှု့စနစ်မှာ နေထိုင်သွားရင် တဖြည်းဖြည်းနဲ့ လူတွေက ကိုယ့်ကို ရှောင်ကွင်းသွားလိမ့်မယ်။ အပေါင်းအသင်း၊ မိတ်ဆွေ သူငယ်ချင်းမရှိတဲ့သူ ၊ တစ်ယောက်တည်း ခြောက်ခြားမှု့တွေနဲ့ စိတ်တွေ တွေဝေကာ အထီးကျန် ခံစားနေရလိမ့်မယ်။

        အတ္တကို အရင်းတည်ပြီး အချစ်တစ်ခုကို မွေးဖွားခဲ့ပါတယ်။ မိမိအလိုကျ အဆင်ပြေနေချိန်တွေမှာ ချို့ယွင်းချက်မရှိ ပျော်ရွှင်နေပေမဲ့ တိုက်ဆိုင်မှု့တွေ လွဲချော်သွားတဲ့ တစ်နေ့မှာ ကိုယ့်ချစ်သူနဲ့ လမ်းခွဲရတဲ့ အနေအထားထိ ရောက်ခဲ့ဖူးပါတယ်။ လမ်းခွဲပြီး ဝေးကွာနေရတဲ့ အချိန်တိုင်းမှာ လွမ်းဆွေးမှု့ဒဏ် ရက်စက် နာကျင်စွာ ခံစားရပါတယ်။ နောက်ဆုံးတော့ မိမိရဲ့ အတ္တမီးက မိမိကိုယ်ကိုပဲ လောင်ကျွမ်း ဝါးမြိုသွားပါတယ်။         မီးကို အကျိုးရှိစွာ သုံးတတ်ရင် မီးရဲ့တန်းဖိုးက ကြီးမားတန်ဖိုးရှိသလို၊ အတ္တကိုလည်း ဘဝတိုးတတ်မှု့အတွက် သင့်တင့် တန်ဖိုးရှိသလောက်ပဲ ထားသင့်ပါတယ်။ အကျိုးမရှိတဲ့နေရာမှာ အတ္တကို စွဲနေရင် ယခုဘဝမှာတင်မက၊ နောက်ဘဝမှာလည်း အတ္တစိတ်ကြောင့် ငရဲ ကျနိုင်ပါတယ်။

                        အတ္တကို နည်းနိုင်သမျှ နည်းကြပါစေ။  ။

0 comments:

Post a Comment