Animation Part 2 ( HeartBeat )

Wednesday 21 March 2012
 

 ဒီတခါ Photoshop နဲ့ Heart Beat ပုံစံလေး ကို Animation သုံးပြီး ဖန်တီးကြည့်ကြစို့နော် ...

၁။ File > New ဖြင့် File အသစ် တစ်ခု တောင်းမယ် ...

၂။ Custom Shape Tool ရွေးမယ် ...


၃။ Custom Shape Option မှ Shape တွင် Heart ပုံရွေးခဲ့မယ် ...


၎။ File ပေါ်တွင် Heart ပုံ ဆွဲမယ် ...


၅။ Heart ကို Layer Style ပြောင်းမယ် ...
    Layer > Layer Style > Blending Options ...
  
   I) Outer Glow ကိုရွေးမယ် ... အနီရောင် ရွေးခဲ့မယ် ...


   II) Bevel and Emboss ကို ရွေးမယ် ...
    a) Depth - 68
    b) Size   - 59
    c) Soften - 13
    d) Shadow Mode - Red Color


   III) Color Overlay - Red Color ရွေးခဲ့မယ်

   IV) Stoke - 1 Pixel ထားခဲ့မယ်


၆။ Window > Animation ကို ဖွင့်မယ် ...


၇။ Animation Frame တွင် Frame1 ကို New Frame ဆီသို့ Drag လုပ်ပြီး Copy ကူးမယ် ...


၈။ Frame 2 ၏ Layer Style ကို ပြောင်းလဲမယ် ...
   Layer > Layer Style > Blending Options ...
 
   I) Bevel and Emboss ကို ရွေးမယ် ...
    a) Depth - 71
    b) Size   - 70
    c) Soften - 0


 II) Stoke - 3 Pixel ထားခဲ့မယ် ...


၉။ Frame နှစ်ခု ကြားတွင် Tween ထည့်မယ် ... Tween ဆိုသည်မှာ ပုံတစ်ခုနှင့် တစ်ခု ကြားတွင် အဆင့်ဆင့် ပြောင်းလဲမှု ထည့်ခြင်းဖြစ်သည်။ Animation Box တွင် ရှိသည့် Tweens Animation Frames ကို နှိပ်မယ် ...

   I) Tween With  - Previous Frame
   II) Frames to Add - Frame 1 နှင့် Frame 2 ကြားတွင် ထည့်မည့် Frame အရေအတွက်
Ok နှိပ်လိုက်ပါ ... Frame 1 နှင့် Frame 2 ကြားတွင် Frame 3 ခု နေရာယူသွားပြီး နောက်ဆုံး Frame 2 သည် Frame 5 နေရာတွင် ရောက်သွားမည်။

၁၀။ Frame 1 ကို Copy ထပ်ကူးပါ။ Copy ကူးရသောပုံသည် Frame 2 နေရာတွင် ရောက်သွားမည်။ ထို Frame 2 ကို Drag ဆွဲပြီး နောက်ဆုံး Frame 6 နောက်သို့ ပို့ပါ။ ထို Frame 6 ကို Copy ထပ်ကူးပါ။ Frame 7 ရလာမည်။


၁၁။ ထို Frame 7 ကို Layer Style ပြောင်းလဲမည်။
    Layer > Layer Style > Blending Options ...
 
   I) Bevel and Emboss ကို ရွေးမယ် ...
    a) Depth - 62
    b) Size   - 29
    c) Soften - 13


 II) Stoke - 1 Pixel ထားခဲ့မယ် ...


၁၂။ Frame 6 နှင့် 7 ကြားတွင် Tween ထည့်မယ် ။ Animation Box တွင် ရှိသည့် Tweens Animation Frames ကို နှိပ်မယ် ...


၁၃။ Play Animation ကို နှိပ်ကြည့်ရအောင် ... Wow လှုပ်ရှားနေတဲ့ Heart Beat ပုံစံလေးကို တွေ့ရပါလိမ့်မယ် ... 

 ပုံလေးကို GIF (Graphic Interchange Format ) အဖြစ် Save လုပ်မယ် ...


၁၄။ File > Save For Web & Devices ...


၁၅။ စိတ်ကြိုက်နာမည်ပေးပြီး Save လုပ်ထားလိုက်ပါ ... ကဲ သူငယ်ချင်းတို့ရေ ... လှုပ်ရှားနေတဲ့ Heart Beat ပုံစံလေး ဖန်တီးပြီးပြီဆိုတော့ ကိုယ့်ရဲ့ Web Page တွေမှာ GIF လေးကို စိတ်ကြိုက် တင်လို့ ရပြီပေါ့နော် ... တကယ်လို့ ကြည်ဖြူ ပြောပြတဲ့ အဆင့်တွေမှာ စမ်းသပ်လို့ မရခဲ့ရင် Comment လေး ပေးခဲ့ပါနော် ... ပြန်ပြီး ဖြေရှင်းပေးပါမယ် ... သူငယ်ချင်းတို့ အားလုံး ပျော်ရွှင်ပါစေ ...

 
ကြည်ဖြူ

0 comments:

Post a Comment