ဘလော့ဂ်လေးကို အလည်လာကြတဲ့ သူငယ်ချင်းတို့ရေ ... အခုချိန် အမိမြေမှာ နွေသံကူးတဲ့ ဥသြငှက်တွေလည်း အညာနွေရဲ့ ပန်းချီကို ချယ်သနေကြပြီ ထင်ပါရဲ့ကွယ် ...
ကြည်ဖြူလည်း အညာမြေကို အရမ်းသတိရမိတယ် ... သတိရမိတဲ့ အခါတိုင်းလည်း ငယ်ငယ်က နွေရောက်ပြီဆိုရင် ဆိုလေ့ရှိတဲ့ သီချင်းလေးကို တိုးတိုးလေး ညည်းလိုက်မိတယ် ... သူငယ်ချင်းတို့လည်း သိမယ် ထင်ပါရဲ့ ... တေးရေး မောင်မောင်လတ် ရေးခဲ့ပြီး တေးဆို ဗစ်တာခင်ညို ဆိုခဲ့တဲ့ သီချင်းလေး တစ်ပုဒ်ပေါ့ ... သူငယ်ချင်းတို့လည်း ကြည်ဖြူတို့လည်း ဗစ်တာခင်ညိုနဲ့ အတူတူ သီချင်းလေးကို လိုက်ဆိုကြည့်ရအောင်နော် ...
နွေရောက်ပြီလေ
ရိုးတံကျဲကျဲ ပင်အိုတို့အလှချင်းလည်းပြိုင်
လေရူးလေးအဝှေ့ ရွက်ဝါတွေ လိပ်ပြာတွေရယ်
အကချင်းပြိုင်နေသလိုပင်
ဖော်မစုံကျွမ်းသူမှာ လွမ်းစရာမြိုင်တကြော
ရွှေဥသြသံနှောတော့လေ
ရင်မှာ လှိုက်ဆူငိုချင်သူ လက်တို့နေသလိုပင်
လွမ်းစရာ့ နွေပန်ချီကား
တိမ်ညိုမိလ်လာဆေးရေးခြယ်ထား
တိမ်သားမီးခိုး လွင်မျောမဆုံးပေ
နွေရဲ့ ကောင်းကင်ကြည်လင်စွာ
လှပနေတယ်လေ
နွေအလှတွေရယ်
ဖွဲ့ပြန်လည်းပဲ စာဆိုတို့မှိုင်ငေးရမှာ
ဘယ်ဆေးရေးလို့ လိုက်မမီတယ်
ခြယ်သမကုန်နိုင်တယ်
သြော်...လွမ်းစရာနွေပါပဲလေ။
0 comments:
Post a Comment