ရောဂါ

Friday, 9 March 2012
 ရှင်ကွဲ ကွဲခံပုံကတော့
သူလိုငါလိုပါပဲ...

ကြယ်တွေကလည်း တိတ်တိတ်လေးပဲ လင်းတယ်

သံယောဇဉ်ဆိုတာ သကြားလုံးတစ်မျိုးပဲ မဟုတ်လား
အချိုသိပ်ကြိုက်တဲ့သူဟာ
တစ်နေ့နေ့မှာ သွားပိုးစားခံရမှာ သေချာတယ်
အဲဒီအခါ မငိုပါနဲ့
မျက်ရည်ဆိုတာလည်း ပုံတိုပတ်စတစ်ခုပဲလေ

ကိုယ့်ကိုယ်ကို
လမ်းကြိုလမ်းကြား သေးသေးလေးဖြစ်အောင်ဖန်ဆင်း
ဘယ်သူမှမသိတဲ့ မြို့တစ်မြို့မှာ
ကျောခင်းပြီး လှဲနေလိုက်ပါ

ပိုးလောက်လန်းတွေကို စစ်နေရတာထက်စာရင်
အချစ်ကိုသွန်ပစ်လိုက်ရတာက ပိုကောင်းတယ်

မင်းခိုက်စိုးစန်

2 comments:

Anonymous at: 10 March 2012 at 05:04 said...

http://kyiphyusan.blogspot.com/

Anonymous at: 10 March 2012 at 05:10 said...

သကြားလုံးမစားတော့ပါဘူးဗျာ သွားပိုးစားခံရမှာဆိုလို့ အညာသူလေရေ မေးလို့၇မလားမသိဘူး အချစ်ဆိုတာမျူိးက သွန်ပစ်လို့ရလား ?

Post a Comment