ဘလော့ဂ်လေးကို အလည်လာကြတဲ့ သူငယ်ချင်းတို့ရေ ... အခုချိန် အမိမြေမှာ နွေသံကူးတဲ့ ဥသြငှက်တွေလည်း အညာနွေရဲ့ ပန်းချီကို ချယ်သနေကြပြီ ထင်ပါရဲ့ကွယ် ...
Showing posts with label လွမ်းမိတဲ့ အညာမြေ. Show all posts
Showing posts with label လွမ်းမိတဲ့ အညာမြေ. Show all posts
အညာသူလေး ကြည်ဖြူရဲ့ မိတ်ဆက်စာ
ကြည်ဖြူ ရဲ့ ဘလော့ဂ်ကို လာရောက် အလည်ကြတဲ့ သူငယ်ချင်းတို့ရေ မင်္ဂလာပါနော် ... ကြည်ဖြူက အညာသူလေးလေ ... အညာသူလေး ကြည်ဖြူက အညာမြေမှာမွေး၊ အညာရေကို သောက်ပြီး ကြီးပြင်း လာခဲ့ရပေမယ့် အခုတော့ အညာမြေနဲ့ ဟိုးအဝေးမှာ ရောက်နေတယ်လေ ... အညာမြေကို လွမ်းတယ် ... အညာမြေရဲ့ ရနံ့တွေကို သတိရမိတယ် ... အခုဆိုရင် တဖြည်းဖြည်းနဲ့ မြန်မာ့နှစ်သစ်ကို ရောက်တော့မယ် ... မြန်မာနှစ်သစ်မှာ မြန်မာတွေရဲ့ ချစ်စရာ အမှတ်အသား တစ်ခု ဖြစ်တဲ့ သင်္ကြန်လည်း နီးသထက် နီးလာပြီလေ ... နေမြင့်လေ အရူးရင့်လေ ဆိုသလိုပဲ သင်္ကြန်အချိန်အခါ နီးလာတာနဲ့ အမျှ အညာမြေကို ပိုလွမ်းတဲ့စိတ်က တားမရ ဖြစ်နေမိတယ် ...အညာမြေ သင်္ကြန်မှာလေ မိုးရွာရွာ မရွာရွာ ပွင့်တဲ့ ပန်းရှိတယ် ... နှစ်တိုင်း သစ္စာမပျက် ပွင့်ပေးသူပေါ့ ... မြို့အ၀င်လမ်း တဖက်တချက်စီမှာ တန်းစီ ရှိနေတဲ့ တမာပင်တွေက အညာရဲ့ နွေသင်္ကြန်ကို ဖော်ပြနေသလိုပဲလေ ...
Subscribe to:
Posts (Atom)
